top of page
  • Youtube
  • Facebook
1B24AE6A-DDA3-4F45-96C2-BD7322FF0DA8.jpeg

Teaching Children At  Home
Myanmar (TCAH)

ABOUT US

TCAH program ဟာ အိမ်မှာအထွေထွေ ဗဟုသုတ နှင့် ဘာသာစကား နှင့် သိမှတ်ဖွယ်ရာများကို လေ့လာပြီး  မြန်မာကလေးငယ် များ    ပညာ ရေး စဉ်ဆက်မ ပြတ်စေ ဖို.မြန်မာနိုင်ငံကို ပြန်လည်အကျိုးပြုပြီးပညာဒါနပေးချင်တဲ့ပြည်တွင်းပြည်ပမှ ဆရာဆရာမ များ ဝိုင်းဝန်း အား ဖြည့်ထားတဲ့ လူသားအကျိုးပြု ပရဟိတ non-profit program တစ်ခုဖြစ်ပါတယ်။

453473405_369185852669843_6941601785093601918_n.jpg
321456917_724700222319111_3608571340545547041_n.jpg
Courses

သင်တန်းတွေကို online learning platform ဖြစ်တဲ့ teachable မှာ တင်ပေးမှာ ဖြစ်လို့ teachable account ဖွင့်ပြီး အိမ်မှာ computer၊ mobile ၊ phone တွေထဲက လွယ်လွယ်ကူကူ ကြည့်နိုင်၊ နားထောင်နိုင်မှာဖြစ်ပါတယ်။ 

Internet ခက်ခဲသူများအတွက်လည်း lecture တွေကို internet ရတဲ့အချိန် download ဆွဲပြီး offline ပြန်ကြည့်လို့ရပါတယ်။  Live မဟုတ်တဲ့ recorded lecture တွေဖြစ်လို့ အဆင်ပြေတဲ့အချိန် ထပ်ခါထပ်ခါ ကြည့်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒီ program လေးကိုစခဲ့တဲ့ရည်ရွယ်ချက်က မြန်မာကလေးတွေကို ကျောင်းမတက်ပေမယ့် ပညာရေး စဉ်ဆက် မပျက်စေချင်တာရယ် စိတ်ခွန်အားပေးချင်တာရယ် မိဘတွေကိုလဲ တစ်ဖက်တစ်လမ်းမှ စိတ်သက်သာရာ ရစေချင်တဲ ဆန္ဒနဲ့ စခဲ့တာပါ အခုဆိုရင် ပရဟိတ ဆရာ ဆရာမ များနဲ့ လိုအပ်တဲ့ နေရာမှာကူညီသူ များကြောင့် TCAH မှ သင်တန်းပေါင်း ၉ ခု ဖြင့်ကျောင်းသားပေါင်း ၆၀၀၀ နီးပါး ကို သက်ရောက်မှု ရှိခဲ့ပါပြီ။ ရှေ့ဆက်ပရဟိတ ဆရာ ဆရာမများအကူအညီနဲ့ပဲ  သင်တန်း အမြောက်အများကို ထုတ်လုပ်ပေးဖို့ Learning center အခမဲ့ များဖွင့်လှစ်ပေးနိုင်ဖို့ အလှူငွေရရှိမှုပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားပါမယ်။ Volunteer အဖြစ် ကူညီချင်လျှင် ဖြစ်ဖြစ် တဖက်တလမ်းမှ အလှူငွေထည့်ဝင်ချင်ရင်ဖြစ်ဖြစ်  ဒီ စာမျက်နှာကိုနှိပ်ပါ

451712885_2187375861643919_752068656234802753_n.jpg

TCAH

MYANMAR

ဆက်သွယ်ရန်
SUBSCRIBE

တင်ပြသည့်အတွက် ကျေးဇူးတင်ပါသည်။

We are a 501c3 registered non-profit organization.

© 2022 by TCAH.

bottom of page